Monday, October 12, 2009

ပူနွေးနေသော

ပူနွေးနေသော

သင့်အချစ်ဟာ ကြည်လင်နေတဲ့ရေပြင်လို တည်ငြိမ်အေးချမ်းပါဘိ
သင့်အချစ်ဟာ လတ်ဆတ်တဲ့ ပဒုမ္မာကြာလို နူးညံ့လှပပြီး သင်းပျံ့စေပါဘိ
သင့်အချစ်ဟာ ငွေငန်းကောင်လေးတွေရဲ့တောင်ပံတွေလို ဖြူစင်သန့်ရှင်းပါဘိ
သင့်အချစ်ဟာ ဥဒေါင်းမင်းရဲ့လည်တိုင်ကအကွက်လေးများလို ၀င်းဝါတောက်ပကာကျက်သရေရှိပါဘိ
သင့်အချစ်ဟာ သီချင်းကောင်း တေးသွားမွန်လေးများလို ဆွတ်ပျံ့ကြည်နူးလို့သာယာနာပျော်ဘွယ်နားဝင်ချိုလှပါဘိ

အို..အချစ်ရှင်....
ကျွန်ုပ်ကွယ်လွန်သွားခဲ့ပါ၏...
ကျွန်ုပ်သည် သင့်ထံမှ မခွဲလိုသော်လည်းခွဲခဲ့ရပါ၏...
ကျွန်ုပ်သည် သင့်ကို မမေ့လိုသော်လည်း ၁၈ နှစ်တာမျှမေ့လျော့ခဲ့ရပါ၏...
ကျွန်ုပ်နှင့်သင် အချိန်ကာလများ မဝေးကွာလိုလည်း ဝေးကွာခဲ့ရပါ၏...
ကျွန်ုပ်ရရှိခဲ့သောရလဒ်များသည် ပူဆွေးမှုမှတပါးအခြားမရှိ...
သင်သိခဲ့သော ကျွန်ုပ်မဟုတ်သည့် ယခုကျွန်ုပ်၏ နောက်ဆုံးဆန္ဒများကား
သင်နှင့် ကျွန်ုပ်တို့၏ ပူနွေးနေသေးသော သောကများကိုအပြီးငြိမ်းစေလိုခြင်းပင်ဖြစ်သတည်း.........

နေနေ

No comments:

Post a Comment